Monday , October 21 2019
Home / ပြည်တွင်းသတင်း / သင်္ကြန်ပွဲတော်တွင် ကျုံးအရှေ့ဘက်၌ မဏ္ဍပ်ကြီးများ ချထားပေးတော့မည်မဟုတ်

သင်္ကြန်ပွဲတော်တွင် ကျုံးအရှေ့ဘက်၌ မဏ္ဍပ်ကြီးများ ချထားပေးတော့မည်မဟုတ်

သင်္ကြန်ပွဲတော်တွင် ကျုံးအရှေ့ဘက်၌ မဏ္ဍပ်ကြီးများ ချထားပေးတော့မည်မဟုတ်
ယခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် ၆၆ လမ်း ကျုံးအရှေ့ဘက်၌ မဏ္ဍပ်ကြီးများ ချထားပေးတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
ယခင်နှစ်များက ကျုံးအရှေ့ဘက်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ ၊ ရေကစားမဏ္ဍပ်ကြီးများချထားပေးခဲ့သော်လည်း ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကို တိုးချဲ့မည်ဖြစ်သည့်အတွက် မဏ္ဍာပ်ကြီးများ ချထားပေးတော့မည်မဟုတ်ကြောင်း သိရသည် ။
“မနှစ်က တောသင်္ကြန် လမ်းလျှောက်သင်္ကြန်မှာ လမ်းကြောင်းတိုတဲ့အတွက် ဒီနှစ်မှာ ကျုံးအရှေ့ဘက်က်ု တိုးချဲ့မှာဖြစ်တယ် ။ ဖျော်ဖြေရေး မဏ္ဍာပ်တွေ ရေကစား မဏ္ဍာပ်ကြီးတွေကို ကျုံးအနောက်ဘက်ခြမ်း နဲ့ မြောက်ဘက်ခြမ်းမှာ ချထားပေးသွားမှာဖြစ်တယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည် ။
ကျုံးအရှေ့ဘက်တွင် ပလက်ဖောင်းပြုပြင်ခြင်းများပြုလုပ်လျှက်ရှိပြီး သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။
ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်များအပြင် တိုင်းရင်းသားရိုးရာ ရေပတ်ကစားခြင်း ၊ တိုင်းရင်းသားရိုးရအစား အသောက်များ စတုဒီသူကျွေးခြင်း နှင့် ရောင်းချခြင်းများ ပြုလုပ်သွားမည့် တိုင်းရင်းသာသင်္ကြန်ကိုလည်း တိုးချဲ့ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသင်္ကြန်အား လမ်း နှစ်ပြ ပေးမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာ ရေပတ်ကစားခြင်း ၊ တိုင်းရင်းသားရိုးရာ အစားအသောက်များ စတုဒီသူကျွေးခြင်း နှင့် ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။
ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ဆောက်လုပ်မည့် မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍာပ်သာမက မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ရေကစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နိုင်ရန် မဏ္ဍာပ်တစ်ခုဆောက်လုပ်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

Check Also

” မသန်စွမ်းသူများအတွက် လျှပ်စစ်ဘီးတပ် ထီလှည်းများပေးအပ်ပွဲ အခမ်းအနား “

မိုးယံရွှေလမင်း " မသန်စွမ်းသူများအတွက် လျှပ်စစ်ဘီးတပ် ထီလှည်းများပေးအပ်ပွဲ အခမ်းအနား "#KZmedia KZ Mediaさんの投稿 2019年2月25日月曜日